ထူးချွန်အောင်မြင်ချင်ပြီး
  • ပိုမိုကောင်းမွန်တဲ့ ဘဝကိုတည်ဆောက်ချင်တဲ့
  • Smart Lady ဖြစ်ချင်တဲ့
  • ပြောင်းလဲချင်တဲ့
  • ရှေ့တန်းကနေ ဦးဆောင် တာဝန်ယူနိုင်တဲ့
အမျိုးသမီးများအတွက် Chance Myanmar

Chance Myanmar မှ ကြိုဆိုလိုက်ပါတယ်

Welcome-video-cover-image
Play Video about Welcome-video-cover-image
video

300

ဗီဒီယိုသင်တန်းများ

159,000 +

သင်တန်းသားများ

1,059 +

Reviews

လူကြိုက်အများဆုံးသင်တန်းများ

ဘာကြောင့် Chance မှာ သင်တန်းတက်သင့်တာလဲ။

Chance မှာ စာအသင်အပြ အရမ်းကောင်းပြီး အရမ်းတော်တဲ့ဆရာ သင်ကြားပေးလို့ပါ။

စာအသင်အပြအရမ်းကောင်းတဲ့ ဆရာတွေနဲ့
လေ့လာသင်ယူရတာ ဖြစ်တဲ့အတွက် အွန်လိုင်းပေါ်မှာ
လေ့လာရပေမဲ့ အရမ်းကို စိတ်လှုပ်ရှားပြီး
စိတ်ဝင်စားစရာကောင်းပါတယ်။

သင်တန်းရဲ့ ဗီဒီယိုတွေက အရမ်းကို Quality ကောင်းပါတယ်။

သင်တန်းရဲ့ ဗီဒီယိုတွေက ကြည်လင်ပြတ်သားပြီး Quality ကောင်းသည့်အတွက်
လေ့လာသင်ယူသူတွေကလည်း အာရုံအပြည့်အဝစိုက်နိုင်ပြီးတော့ သင်တန်းကို အကောင်းဆုံး လေ့လာသင်ယူနိုင်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

မြန်မာပြည်မှာ အွန်လိုင်းသင်တန်းအတွက် အတွေ့အကြုံရှိတဲ့ ဝါရင့်ဆရာ၊ဆရာမတွေနဲ့ Founder မှသင်ခန်းစာတွေကို ဖန်တီးထားတယ်။

အွန်လိုင်းသင်တန်းမှာ အတွေ့အကြုံများစွာရှိတဲ့အတွက် သင်ခန်းစာတွေကလည်း ထိရောက်မှုများပြီး
လေ့လာတဲ့သူတွေအတွက် အကောင်းဆုံး အတွေ့အကြုံရနိုင်အောင် ပြင်ဆင်ထားပေးတယ်။

ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ နီးစပ်အောင် ကူညီပေးနိုင်တယ်။။

အွန်လိုင်းသင်တန်းတွေက လေ့လာသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝရည်မှန်းချက်တွေပြည့်အောင် ကူညီပေးပါတယ်။

အချိန်အများကြီးမကုန်ဘဲ အွန်လိုင်းသင်တန်းတွေကနေ ကိုယ့်ဘဝကို အကောင်းဆုံးပြုပြင်ပြောင်းလဲစေနိုင်တယ်။

Chance ကနေ စီစဉ်ပေးထားတဲ့ အွန်လိုင်းသင်တန်းတွေက တိုတိုတုတ်တုတ်နဲ့ အချိန်တိုတို အတွင်းမှာ အကောင်းဆုံးလေ့လာလို့ ရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့အချိန်တွေကို စီမံခန့်ခွဲပြီးသား ဖြစ်ပါလိမ့်မယ်။

ဘဝအခွင့်အလမ်းတွေကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့သူ ဖြစ်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လေ့လာပြီး ကိုယ့်ဘဝအတွက် အကောင်းဆုံး ဖန်တီးတည်ဆောက်သူဖြစ်ဖို့ အွန်လိုင်းသင်တန်းတွေက ကူညီပေးပါလိမ့်မယ်။

Reviews

About Chance Myanmar

Chance Myanmar ဖြစ်တည်လာပုံ

Chance Myanmar ဆိုတာ
မြန်မာပြည်ရဲ့ ထူးချွန်ထက်မြက်တဲ့အမျိုးသမီးများစုဝေးရာ အွန်လိုင်းသင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။ Chance Myanmar ကို တည်ထောင်သူ မဖြိုးဖြိုးအောင်၏ ဖခင်ဖြစ်သူက မဖြိုးကို အမြဲလိုလို သွန်သင်ဆုံးမလေ့ရှိသော စကားတစ်ခွန်း ရှိပါတယ်။ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သာမန်ရိုးကျ အလုပ်များ၊ အိမ်ထောင်မှုကိစ္စများ၊ မီးဖိုချောင်ကိစ္စများနှင့်သာ တစ်ဘ၀လုံး အချိန် မကုန်ဆုံးစေသင့်ကြောင်း ဖြစ်ပါတယ်။ ဒီစကားလုံးတွေကြောင့်ပဲ ဒီနေ့ ဒီချိန်မှာ အားလုံးသိထားကြတဲ့ Chance Myanmar ရဲ့ Founder မဖြိုးက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ယုံကြည်မှုအပြည့်နဲ့ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ မဖြိုးက သူလိုမြန်မာအမျိုးသမီးတိုင်းကို အမျိုးသားများနဲ့ တန်းတူ အခွင့်အရေးရရှိပြီး ထူးချွန်တဲ့ ကိုယ်ဘဝကိုကိုယ်ပိုင်တဲ့ လွတ်လပ်တဲ့ သတိရှိတဲ့သူတွေဖြစ်ဖို့အတွက် Chance တည်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ အောင်မြင်ပြီး တန်းတူအခွင့်အရေး ရရှိစေရန်အတွက် Chance Myanmar မှ ယုံကြည်ထားသော အချက် ၄ ချက်ရှိပါတယ်။ (၁) ပညာရေး (Education) အမျိုးသမီးများ အနေနဲ့ ပညာတတ်မှ ကိုယ့်ဘ၀ကိုယ် တည်ဆောက်နိုင်မှာဖြစ်ပြီး တခြားသူများကိုလည်း တာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။ (၂) အမျိုးသမီးများ ကိုယ်ပိုင်ဝင်ငွေရှိရမယ်။ ကိုယ်ပိုင်ဝင်ငွေ ရှိမှတခြားသူများအပေါ်မှာ မှီခိုနေစရာ မလိုတော့ဘဲ ကိုယ်ပိုင် Power စွမ်းအား ရှိလာမှာဖြစ်ပါတယ်။ (၃) အမျိုးသမီးများက ကျွမ်းကျင်မှုတွေများစွာရှိရမယ် ဒါမှကိုယ်က ကိုယ့်အလုပ်နဲ့ လူမူရေးမှာ သူများအတွက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်မှာပါ (၄)​ ကိုယ်ပိုင်အခန်းတစ်ခန်းရှိရမယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ဘ၀တွင် ဖြစ်မြောက်ချင်တဲ့ အရာတွေ၊ ဖန်တီးချင်တဲ့ အရာတွေကို လွတ်လွတ်လက်လပ် တွေးတော စဉ်းစားတွေးခေါ်နိုင်ဖိုအတွက် သီးခြား ကိုယ်ပိုင်နေရာ Private Space တစ်ခုရှိဖို့ဖြစ်ပါတယ်။ ဒီခံယူချက်တွေနဲ့ ကျွန်မတို့ Chance Myanmar မှ ကိုယ်ထူးကိုယ်ချွန်ပြီး ထူးချွန်ထက်မြက်တဲ့အမျိုးသမီးများစုဝေးရာ အွန်လိုင်းသင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။

အမေးအဖြေကဏ္ဍ

Chance Myanmar မှာ စိတ်ပညာနဲ့သက်ဆိုင်တဲ့သင်တန်း၊ လုပ်ငန်းခွင်အတွက်လိုအပ်တဲ့ အရည်အချင်းသင်တန်း၊ Relationship နဲ့ သက်ဆိုင်တဲ့သင်တန်း၊
အင်္ဂလိပ်ဘာသာစကားနဲ့ သက်ဆိုင်တဲ့သင်တန်းတွေ တက်လို့ ရပါတယ်။

Chance Myanmar ရဲ့ သင်တန်းအားလုံးသည် Online Class ဖြစ်တဲ့အတွက် Prerecorded Video တွေနဲ့ သင်ပေးသွားပါမယ်။

Chance ရဲ့ Offical Facebook Page ဖြစ်တဲ့ Chance Myanmar မှာ အသေးစိတ်နားမလည်တာကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

ဟုတ်ပါတယ်ရှင့်။ သင်တန်း တစ်တန်းဝယ်ထားတာနဲ့ Lifetime Plan လေ့လာလို့ရပြီးသားပါ။

Live က အပတ်စဥ် သတ်မှတ်ထားတဲ့ရက်အတိုင်းရှိမှာဖြစ်ပြီး လွတ်သွားတဲ့ Live အတွက်လည်း Recording လုပ်ထားပေးမှာဖြစ်လို့ ကိုယ်အားတဲ့ ကိုယ်ကြိုက်တဲ့နေရာကနေ ပြန်နားထောင်လို့ရပါတယ်ရှင့်။

Chance ရဲ့ Home Page က Package ဆိုတဲ့ နေရာမှာ သင်တန်းအတွက် (၆) လစာ၊ (၁၂) လစာ၊ တစ်သက်စာ စသဖြင့် သက်ဆိုင်ရာ Bank Account တွေနဲ့အတူပေးချေလို့ရပါတယ်။

ကျောင်းသားဟောင်းဖြစ်ကြောင်း Chance ရဲ့ Offical Facebook Page ဖြစ်တဲ့ Chance Myanmar မှာ Certificate ပြရင် တက်ခဲ့တဲ့ သင်တန်းအတွက် Free ပြန် Join ခွင့်ရှိပါမယ်။  အကယ်၍ Certificate မရတဲ့ Smart Lady, Better Communication လိုအတန်းမျိုးဆိုရင်တော့ သင်တန်း Group ထဲရှိကြောင်း Screenshot ရိုက်ပြနိုင်ရင် Free ပြန် Join လို့ရနိုင်ပါတယ်။

chance-Logo-reduced
Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
sfwd-courses