လက်ရှိအခြေအနေ

မဝယ်ရသေးပါ

မဝယ်ရသေးပါ

တန်ဖိုး

69,000 Ks

သင်တန်းဝယ်ယူရန်

လက်ရှိအခြေအနေ

မဝယ်ရသေးပါ

မဝယ်ရသေးပါ

တန်ဖိုး

69,000 Ks

သင်တန်းဝယ်ယူရန်

သင်တန်းဝယ်ယူရန်

Smart Lady

Smart Lady

သင်တန်း၏ ကောင်းကျိုးများ

Smart Lady သင်တန်းမှ သင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေကနေ အမျိုးသမီးများ Self-confident သိသိသာသာတိုးတက်လာမယ်။ ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလက်ခံဖို့ ရှင်းရှင်းလင်းလင်း မြင်တတ်လာမယ်။ ရှေ့ဆက်တိုးမယ့် ခြေလှမ်းတိုင်းအတွက် သတ္တိရှိလာမယ်။ အပြင်ပိုင်းအလှအပထက် အတွင်းပိုင်းအလှပိုင်းကို ဂရုစိုက်ဖို့ သတိထားမိလာမယ်။ ပေါင်းသင့်တဲ့လူနဲ့ မပေါင်းသင့်တဲ့လူ ခွဲခြားတတ်လာမယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသိသာသာ အဆင်ပြေလာမယ်။ အသုံးနဲ့အဖြုန်းကို ကွဲကွဲပြားပြားမြင်တတ်လာပြီး ကိုယ်ပိုင်ဝင်ငွေ စီမံရလွယ်ကူလာမယ်။ ကျွမ်းကျင်မှု skill တွေကို ဝင်ငွေအဖြစ် ပြောင်းလဲလာနိုင်မယ်။ မလုပ်ရဲ မကိုင်ရဲလို့ သိမ်ငယ်စိတ်တွေမရှိတော့ဘဲ အမျိုးသမီး တစ်ယောက်ဖြစ်ရတာကို အရမ်းကိုဂုဏ်ယူမိပြီး ဖြတ်တည်မှုကို လက်ခံတတ်လာမယ်။

ဘယ်သူတွေအတွက်လဲ။

Smart Lady သင်တန်းက အမျိုးသမီးဖြစ်ရလို့ နေရာတကာမှာ နောက်ချန်ခံရတယ်လို့ခံစားနေရသူတွေ၊ အလုပ်ခွင်မှာဖြစ်စေ၊ မိသားစုအတွင်းမှာဖြစ်စေ ကိုယ့်ဘဝရဲ့အချိန်တွေကို မလိုအပ်တဲ့ စည်းတွေဘောင်တွေကြား ပိတ်မိခံထားရပြီး ကိုယ့်ဘဝတက်လမ်းအတွက် လမ်းပျောက်နေသူတွေ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုအားနည်းပြီး စိတ်အားငယ်တတ်သူတွေ၊ ဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ အတွေးများပြီး စိုးရိမ်စိတ်ပြင်းထန်တတ်သူတွေ၊ ငွေကြေးပိုင်းစီမံခန့်ခွဲမှု အားနည်းတဲ့အမျိုးသမီးတွေ၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်ပေမယ့် ဘယ်ကစလုပ်ရမှန်းမသိတဲ့ အမျိုးသမီးတွေအတွက် အဓိကရည်ရွယ်ပြီး သင်ကြားပေးပါတယ်။ အမျိုးသမီးတွေအတွက် သီးသန့်အတန်းတစ်ခု ဖြစ်ပါတယ်။

သင်တန်း၏ ရည်ရွယ်ချက်

Smart Lady သင်တန်း၏ ရည်ရွယ်ချက်မှာ အမျိုးသမီးတွေ ကိုယ့်ဘဝကိုယ် ကိုယ်ဦးဆောင်နိုင်ပြီး လွတ်လပ်ပျော်ရွှင်တဲ့ ဘဝကို ကိုယ်တိုင်ပုံဖော် ဖန်တီးလာနိုင်စေဖို့၊ အမျိုးသမီးမို့ မလုပ်ဆောင်နိုင်ပါဘူးဆိုတဲ့ စည်းတွေဘောင်တွေကြားထဲမှာ လဲပြိုစိတ်ဓာတ်ကျမနေဘဲ စိတ်အင်အားအပြည့်နဲ့ ရဲရဲရင့်ရင့် ဘဝရပ်တည်ရဲလာဖို့၊ ကိုယ်အောင်မြင် လာတဲ့အခါမှာလည်း အခြားသူတွေကို ပံ့ပိုးပေးနိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာနိုင်ဖို့ ရည်ရွယ်ပြီး သင်ကြားပေးပါသည်။

အပို Bonus

မိမိကိုယ်ကို တိုးတက်ပြောင်းလဲချင်သူတွေ၊ အောင်မြင်တဲ့ အမျိုးသမီးတွေရဲ့အကြောင်းနဲ့

ပတ်သက်ပြီး ကမ္ဘာကျော် စာရေးဆရာတွေ၊ စိတ်ပညာ အထူးကျွမ်းကျင်သူတွေရဲ့ စာအုပ်ပေါင်းများစွာနဲ့ အခြားဗဟုသုတရစရာ၊ လေ့လာမှတ်သားစရာတွေကို မြန်မာဘာသာဖြင့် ဖတ်ရှုလို့ရသည့်အပြင် စာဖတ်ဖို့ သီးသန့်အချိန်မပေးနိုင်သူတွေအနေနဲ့ အသံဖိုင်ဖြင့် နားထောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်နှစ်သက်တဲ့စာအုပ်ကို Down ထားပြီး Internet လိုင်းမရှိချိန်မှာလည်း ပြန်ဖတ်လို့ရပါတယ်။ ဒီလို တစ်နေရာတည်းမှာ အကုန်လေ့လာလို့ရတဲ့ ShweNote Application လေးကို စာဖတ်ချင်သူတွေ၊ ဗဟုသုတလိုချင်သူတွေအတွက် လမ်းညွှန်ပေးချင်ပါတယ်။ 

chance-Logo-reduced
Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
sfwd-courses